ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား မိဘပြည်သူများ သိရှိနိုင်ရေးလိုက်လံနှိုးဆော်

ဒဂုံတောင် သြဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ယမန်နေ့ ညနေ (၅)နာရီအချိန်က ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ မိဘပြည်သူများ သိရှိနိုင်ရေး လိုက်လံနှိုးဆော်နေခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန်ကြားထားသော ညွှန်ကြားချက်များတွင် မလိုအပ် ရင် မိမိနေအိမ်ပြင်ပသို့ မထွက်စေရေး၊ အပြင်ထွက်သည့်အခါတိုင်းတွင် နှာခေါင်းစည်း (mask) တပ်ဆင် လာရေး၊ လူထူထပ်သော နေရာများကို မသွားကြရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေကြရန် စသည်တို့အား မြို့နယ်အတွင်းရှိ လူစည်ကားတက်သော ဂိတ်ဟောင်း၊ စက်မူဇုံ(၃)ထိပ်၊ ကုန်တိုက် လမ်းဆုံ၊ အောင်ဗော ဓိဘုရားအဝင်လမ်းဆုံ၊ အမှတ်(၂၅)ရပ်ကွက်အမှတ်(၁)စျေးရှေ့၊ အောင်ဇေယျအိမ်ရာ၊ ကုန်ပဒေသာ လမ်းဆုံ၊ တောင်ဒဂုံပန်းခြံရှေ့ စသည့်နေရာများတွင် လှည့်လည်၍ လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရ သည်။

ထို့သို့လိုက်လံနှိုးဆော်နေမှုတွင် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီဦးဆောင်၍ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ် ကိုဗစ်-၁၉ ကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ် စည်ပင်ကော်မတီနှင့် သီရိမင်္ဂလာလူနာတင်ယာဉ်အသင်း၊ We Love South Dagon တို့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)