သတင်းများ

စားသောက်ကုန်များတွင် ကုန်ညွှန်းအမှတ်အသားနှင့် အလေးချိန်ပြည့်မီခြင်းရှိမရှိ ပညာပေးစစ်ဆေး
Feb 25,2020
ပြည်သူများနေ့စဉ် သုံးစွဲလျက်ရှိသော စားသောက်ကုန်များတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြမှုနှင့် အလေးချိန်ပြည့်မီခြင်းများ ရှိ/မရှိ ပညာပေးစစ်ဆေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် မြို့မဈေးအတွင်း၌ ဖေဖော်ဝါရီ ၂၅ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ “အလုပ်ဆိုတာ အင်အားပါ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Feb 25,2020
ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ မွန်းလွဲ(၁) နာရီအချိန်က စာရေးသူ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ၏ အလုပ်ဆိုတာအင်အားပါ စာအုပ်ပါအကြောင်းအရာ၊ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာခြင်းမရှိဘဲ မောင်းနှင်သည့် မော်တော်ဆိုင်ကယ်များအား စစ်ဆေးအရေးယူ
Feb 25,2020
ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်သားပြည်သူများ ယာဉ်အန္တရာယ်မဖြစ်ပေါ်စေရေး အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် သမဝါယမ ဦးစီးဌာန ရုံးရှေ့လမ်းဆုံ လူစည်ကားရာနေရာ၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊
ညောင်လေးပင်မြို့တွင် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေအကြောင်းသိကောင်းစရာများခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပမည်
Feb 25,2020
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင်"လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေအကြောင်းသိကောင်း စရာများ" ခေါင်းစဉ်ဖြင့် ပြည့်သူ့စကားဝိုင်းကို ဖေဖော်ဝါရီ ၂၇ရက် နံနက် ၉နာရီတွင် အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။
ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံသင်တန်း အမှတ်စဉ်(၄၉) သင်တန်းဖွင့်ပွဲ ဟားခါး၌ကျင်းပ
Feb 25,2020
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကူညီထောက်ပံ့မှုပေး၊ ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ကြီးကြပ်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံ သင်တန်းအမှတ်စဉ်(၄၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
တောင်တွင်းကြီး၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၆၀၉၀)ဦး ဝင်ရောက် ဖြေဆိုမည်
Feb 25,2020
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံအတွင်း အ‌ခြေခံပညာကျောင်းများရှိ စာစစ်ဌာနများ၌ မတ်လ ၁၁ ရက်နေ့မှ စတင်၍ မတ်လ ၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၁)ခု၌ တက္ကသိုလ်ဝင် စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ ၆၀၉၀ ဦး ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။