ရန်ကုန် ဩဂုတ် ၂၈
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် မြို့နယ်ခန်းမ၌ ဖွင့်လှစ်ထားသော ပြည်သူလူထုအခြေပြု ဖျားနာကုဆေးခန်း(Fever Clinic) တွင် ယမန်နေ့က လာရောက်ပြသသူ (၂၂၄) ဦးရှိကြောင်း သိရသည်။
Fever Clinic ဆေးခန်းကို မတ်လတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်ထိ လာရောက်ပြသသူ များကို အပူချိန်တိုင်းခြင်း၊ တီဘီရောဂါပိုး စစ်ဆေးပေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်းနှင့် ကိုဗစ် ၁၉ ရောဂါ သံသယရှိသည့် လူနာများကို အင်းစိန်ဆေးရုံကြီးသို့ အရေးပေါ်ကားဖြင့် ပို့၍(၃)ရက်စောင့်ကြည့်ထားပြီး လိုအပ်ပါက ဝေဘာဂီဆေးရုံသို့ ဆက်လက်ပို့ပေးကြောင်း သိရသည်။
ယခုအချိန်တွင် ပြည်သူများက လာရောက်ပြသ စစ်ဆေးမှုခံယူလျက်ရှိသည့်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် အဖွဲ့က လည်း အလွန်ဝမ်းမြောက်စွာ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိသည်။
မျိုးသန့်(ပြန်/ဆက်)