ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် စံမညီဆေးဝါးများ ရောင်းချမှုရှိ/မရှိ မြို့နယ်တိုင်းရင်းဆေး ကြီးကြပ်မှုကော်မတီမှ ကွင်းဆင်းစစ်ဆေး

ဒဂုံမြောက် ဩဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း စံမညီ တိုင်းရင်းဆေးဝါးများ ရောင်းချ နေမှု ရှိ/မရှိကို   မြို့နယ်တိုင်းရင်းဆေးဝါးကြီးကြပ်မှု ကော်မတီမှ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်း အများပြည်သူ ဝယ်ယူသုံးစွဲလျက်ရှိသည့် တိုင်းရင်းဆေးဝါးများတွင် စံမညီသည့် တိုင်းရင်းဆေးဝါးများ ရောင်းချမှု ပပျောက်စေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဝါး ကြီးကြပ်မှု ကော်မတီမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဖြူဖြူဥနှင့် ဝန်ထမ်းများသည် မြို့နယ်အတွင်း(၂၉)ရပ်ကွက်၊ မန္တလေးစျေး အတွင်းရှိ တိုင်းရင်းဆေးဝါး ရောင်းချသောဆိုင်များမှ တိုင်းရင်းဆေးများအား စံသတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိမရှိကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)