ဒဂုံတောင် သြဂုတ် ၂၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အစီအစဉ်ဖြင့် နှာခေါင်းစည်း (Mask) နှင့် faceshield များကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က လူများစုဝေးသွားလာလျက်ရှိသော နေရာများသို့ မြို့နယ် စည်ပင် သာယာ ကော်မတီက အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်း(Mask)နှင့် face shield များကို ဖြန့်ဝေပေးခြင်းဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ မိဘပြည်သူ များ အနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ် တားဆီးနိုင်မည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မိမိနေအိမ် ပြင်ပသို့ ထွက်ခွာလာပါက တပ်ဆင်လာ ကြရန်လည်း အသိပညာပေး ပြောကြားခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက် မြို့နယ်စည်ပင်သာယာကော်မတီအနေဖြင့် လူအများစုဝေးတက်သော စျေး၊ ကားဂိတ်နှင့် မြို့နယ်လျှပ်စစ်ရုံးများတွင်လည်း လိုက်လံပေးဝေးခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ပြည်သူများ အထူး ဂရုပြုလိုက်နာကြရန် ပြောကြားခဲ့ပြီး မိမိတို့နှင့်အတူတူ စည်မျဉ်းစည်းကမ်းတွေ လိုက်နာကြရန် နှိုးဆော်စာများ၊ လက်ကမ်းပိုစတာ များကိုလည်း ပြည်သူများ လက်ဝယ်အရောက် ပေးအပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)