လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး ဆောက်လုပ် ပြီးစီး မှုစစ်ဆေး

ဂန့်ဂေါ  သြဂုတ် ၃၀

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဂန့်ဂေါခရိုင်ဦးစီးမှူးရုံးအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဌာနခွင့်ပြုရန်ပုံငွေ ဧပြီ ၂၁ ရက်တွင် စတင်ဆောက်လုပ်ခဲ့ရာ ပြီးစီးနေ ပြီဖြစ် သည့်အတွက် ဂန့်ဂေါမြို့နယ် တည်ဆောက်ရေးနှင့်ပြုပြင်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမောင်မောင်အေးနှင့် ကော်မတီဝင်များ ယမန်နေ့က သွားရောက် စစ်ဆေး ကြကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံကို ဌာနခွင့်ပြုရန်ပုံငွေ ကျပ် ၃၇ ဒသမ ၄၂၀ သန်းဖြင့် (၆၀× ၃၀ × ၁၅) ပေ တစ်ထပ်အဆောက်အအုံအဖြစ် သံကူကွန်ကရစ်စနစ်ဖြင့် Toe Tet Myitthar Co-Ltd က တာဝန်ယူ ဆောက်လုပ်ထားကြောင်း သိရသည်။

တောင်သားမောင်သန်း