ပေါင်းတည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် အသိပညာပေး စာစောင်ဝေငှခြင်းနှင့် Mask Campaign ပြုလုပ်

ပေါင်းတည်  သြဂုတ်  ၃၀

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပေါင်းတည်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များနှင့်အတူ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် အသိပညာပေး စာစောင် ဖြန့်ဝေခြင်းနှင့် Mask Campaign ပြုလုပ်၍ အခမဲ့တပ်ဆင်ပေးခြင်းကို ယနေ့ နံနက် ၇ နာရီက စတင်၍ မြို့မစျေးကြီး၊ ရွှေတည်စျေးသစ်အတွင်းနှင့် စျေးပတ်ဝန်းကျင်လမ်းများ အနှေးယာဉ် နှင့်သုံးဘီးယာဉ်ဂိတ်များသို့သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ Mask Campaign ဦးဆောင်သူမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကြည်ထွန်းက ကိုဗစ် -၁၉ ရောဂါပြန့်ပွားမှုအားထိန်းချုပ်ကာကွယ်ရေး မြို့နယ်အတွင်းရောဂါကူးစက်မှုမရှိစေရေး ဒေသခံပြည်သူများ အနေဖြင့် ကျန်းမာဝန်ကြီးဌာန၏ညွှန်ကြားချက်များကိုသိရှိလိုက်နာနိင်စေရေးလက်ကိုမကြာခဏစနစ်တစ်ကျဆေးကြောကြရေးနှင့်အပြင်ထွက်တိုင်းMaskနှာခေါင်းစည်းအားမဖြစ်မနေတပ်ဆင်ကြရေးလူစုလူဝေးများရှိရာနေရာများသို့သွားလာနေထိုင်ခြင်းများမပြုလုပ်မ စေရန်ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်ပါကြောင်းပူးပေါင်းအဖွဲ့များအဖြစ်မြို့နယ်ရဲတပ်ဖွဲ့မြို့နယ် ပြန်/ဆက်ဦးစီးဌာန မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများနှင့်စျေးတာဝန်ခံများပါဝင် ဆောင်ရွက်ခဲ့ပြီး အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ကြေညာပေးခြင်း အသိပညာပေးလက်ကမ်း စာစောင်(၅၀၀)နှင့်Mask နှာခေါင်းစည်း(၁၅၀)ခု ကိုစျေးများနှင့်စျေးပတ်ဝန်းကျင်လမ်းများနှင့် စျေးသို့လာရောက် ရောင်းချသူဝယ်ယူသူများထဲ မှနှာခေါင်းစည်း Maskတပ်ဆင် သွားလာခြင်းမရှိသူများ အားပညာပေးဆောင်ရွက် ကာအခမဲ့တပ်ဆင်ပေးခဲ့ပြီးအ ဆိုပါအသိပညာပေး ဆောင်ရွက် ခြင်းကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။

တင်ဝင်းဇော်(မင်းသားကြီး)