ကျောင်းကုန်း ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့တွင် နှာခေါင်းစည်း မတပ်ဆင်သူများအား ယခုဝယ်ယခုတပ် အစီအစဉ်ဖြင့် ယနေ့နံနက် ၈ နာရီ အချိန်က ကျောင်းကုန်း မြို့ဝင်လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။
ကျောင်းကုန်းမြို့နယ် COVID-19 ရောဂါကာကွယ်ထိန်း ချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးခင်အောင်ဆွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်းအဖွဲ့က နှာခေါင်းစည်းမတပ်သူ(၅)ဦးအား ယခုဝယ် ယခုတပ်အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)