ကမမောင်း သြဂုတ် ၃၀
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေးခြင်းနှင့်နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခြင်းကိုယနေ့ နံနက် ၈ နာရီအချိန်၌ မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူ နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပူးပေါင်း၍ လူစည်ကားရာစျေးဝင်း ၊ကားဂိတ်၊ရပ်ကွက်လမ်းမများတွင် ဆောင်ရွက်ခဲ့ကြသည်။
သံလွင်ဦးစျေးနှင့် နံနက်ခင်းစျေးအတွင်း စျေးရောင်း၊ စျေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-ကိုဗစ်၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရေး၊ နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်ရေး၊ လူစုလူဝေး ရှောင်ကျဉ်ရေးတို့ကို အသိပညာပေးဆောင်ရွက်ခဲ့ပြီးနှာခေါင်းစည်း mask များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရှိရသည်။
လင်းသန့်(ပြန်/ဆက်)