ချမ်းမြသုခ ပရဟိတ လူမှုကူညီရေးအသင်း (၁၉)လမ်း အသင်းထောက်သို့ မော်တော်ယာဉ်တစ်စီးပေးအပ်လှုဒါန်း

မန္တလေး ဩဂုတ် ၃၁

မန္တလေးမြို့ ချမ်းမြသုခ ပရဟိတ လူမှုကူညီရေးအသင်း (၁၉)လမ်းအသင်းထောက်သို့ မော်တော်ယာဉ်တစ်စီးပေးအပ် လှုဒါန်းခြင်း ကို ယမန်နေ့ နံနက် ၁၀နာရီက အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ၁၉လမ်း၊ ၈၉လမ်းနှင့် လမ်း၉၀ကြား၊ ရတနာမဉ္ဇူ ဘုရားဝင်းအတွင်းရှိ လယ်ပြင်မြောက် ကျောင်းတိုက်တွင် ကျင်းပသည်။

လှူဒါန်းပွဲတွင် အောင်မြေသာစံမြို့နယ်၊ အောင်ပြည်သာရပ်ကွက်၊ ၉လမ်းနှင့် ၈၆လမ်းထောင့်နေ အလှူရှင် ဒေါ်ထွေးကြည် မိသားစုက Toyota Boxy အမျိုးအစား မော်တော်ယာဉ် တစ်စီးကို ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်အတွက် ချမ်းမြသုခ ပရဟိတ လူမှုကူညီရေးအသင်း (၁၉)လမ်းအသင်းထောက်သို့ ပေးအပ်လှူဒါန်းရာ တာဝန်ခံ ဦးမြတ်ဇော်ဌေးက လက်ခ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင် စကား ပြောကြားခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)