ကန်ကြီးထောင့်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရိပ်ရ သစ်ပင်များစိုက်ပျိုး

ကန်ကြီးထောင့် ဩဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှတ် ၁ ရပ်ကွက်ရှိ သုဿာန်အဝင် လမ်းဘေးဝဲယာများ၌ အရိပ်ရရှိစေရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီတွင် အရိပ်ရသစ်ပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်များစိုက်ပျိုးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းဟန် ဦးဆောင်သည့် စည်ပင်ဝန်ထမ်းများမှ သုဿာန်အဝင် လမ်းဘေးဝဲယာများရှိ ချုံနွယ် မြက်များအားရှင်းလင်း၍ အရိပ်ရသစ်ပင်များနှင့် စိန်ပန်းပင်များအား စိုက်ပျိုးခဲ့ကြပြီး သစ်ပင်များ ထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် ရေရှည်တည်တံ့စေရေးအတွက် ပိတ်စိမ်းပါးများ၊ ဝါးတိုင်များဖြင့် စနစ်တကျ ခြံကာရံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နန်းထိုက်(ပြန်/ဆက်)