ရန်ကုန် သြဂုတ် ၃၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များအား ယမန်နေ့ နံနက်၁၀ နာရီအချိန်က စတင်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိကို မြို့နယ်တာဝန်ရှိသူများက ပူးပေါင်း၍ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးအောင်ဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်လှိုင်နှင့် အဖွဲ့ဝင် (၁)၊ အဖွဲ့ဝင် (၂) ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ် အတွင်း၌ ဆိုင်ထိုင်စားသောက်ရောင်းချလိုသော စားသောက်ဆိုင်နှင့် လက်ဖက် ရည်ဆိုင်များအား စစ်ဆေးခဲ့ရာ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအတွက် စားပွဲဝိုင်းများအား ကြားတွင်အကာအရံများ ထားရှိရေး၊ အစားအသောက်များအား ပိုးမွှား မဝင်ရောက် နိုင်အောင် ကာရံထားရှိရေး၊ လက်ဆး ဘေစင်များ၊ Hand Gel များ ထားရှိပေးရေး၊ ရောင်းချသူများ အနေဖြင့် Mask များ၊ မျက်နှာကာများ တပ်ဆင်ပြီးမှ ရောင်းချမှုရှိစေရေး၊ အိုး၊ ခွက် အသုံးအဆောင်များနှင့် စားဖိုဆောင်များအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး တို့ကို စစ်ဆေး ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)