ချောက် ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် ဥတ္တရလူငယ်အဖွဲ့နှင့် ရင်ခွင်မဲ့ကလေးလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေး အသင်း (ချောက်)တို့ ပူးပေါင်းပြီး နှာခေါင်းစည်း(Mask)(အခမဲ့)ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ချောက်ဖက်ဈေး၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ရာ တွင် ချောက်မြို့နယ် ဥတ္တရလူငယ်အဖွဲ့နှင့် ရင်ခွင်မဲ့ကလေးလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ချောက်)တို့ ပူးပေါင်းပြီး အသင်းဝင် များက ဈေးရောင်း၊ ဈေး၀ယ်သူများ၊ ယင်းလမ်းမပေါ်တွင် သွားလာလျက် ရှိကြသည့် ပြည်သူများ၊ မော်တော်ယာဉ်၊ ဆိုင်ကယ် များဖြင့် မောင်းနှင်ဖြတ်သန်းသွားလာကြသူများအား နှာခေါင်းစည်း(mask)များ တပ်ဆင်ရန်ဝေငှပေးခြင်း၊ အပူချိန်များ တိုင်းတာ ပေးခြင်း၊ အပြင် ထွက်သွားလာတိုင်း နှာခေါင်းစည်း(mask) တပ်ဆင် သွားလာရေးတို့ အတွက် အသိပေးနှိုးဆော်ခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးသတိပေးချက်များ လိုက်နာဆောင်ရွက် ရေး အသိပေး ပြောကြားခြင်းနှင့် နှာခေါင်းစည်း (Mask)သုံးထောင်ကို ( အခမဲ့)လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မချို(ပြန်/ဆက်)