ပြည်မြို့နယ်ဆင်စုရပ်ကွက် မိကျောင်းရဲဓမ္မာရုံ၌ ကိုဗစ်ကာလအတွင်း နိုင်ငံတော်မှ အခြေခံလူတန်းစားများအတွက် စတုတ္ထအကြိမ်မြောက် ထောက်ပံငွေများ ပေးအပ်

ပြည် ဩဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ဆင်စုရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၁၁၁၇ စုအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)နှုန်းစီကို တာဝန်ရှိသူများက ဆင်စုရပ်ကွက်ဓမ္မာရုံ၌ ယမန်နေ့ နံနက်ပိုင်းက စတင်၍ အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် စနစ်တကျ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်မြို့နယ် ဆင်စုရပ်ကွက် မိကျောင်းရဲဓမ္မာရုံတွင် ယခုပေးအပ်ခြင်းသည် နိုင်ငံတော်မှ စတ္တုထအကြိမ်မြောက် ထောက်ပံ့ပေးအပ် ခြင်း ဖြစ်ကြောင်း ပထမအကြိမ်တွင် အခြေခံစားသောက်ကုန် (၅)မျိုးကိုလည်းကောင်း၊ ဒုတိယအကြိမ်တွင် ငွေကျပ်(၁၅၀၀၀) နှုန်း စီဖြင့်လည်းကောင်း၊ တတိယအကြိမ်နှင့် စတ္တုထအကြိမ်တို့တွင် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)နှုန်းစီဖြင့် လည်းကောင်း နိုင်ငံတော်မှ ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရ သည်။

မင်းမင်စိုး ပြန်/ဆက်