မေတ္တာ သြဂုတ် ၃၁
မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆေးရုံဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် ရည်ရွယ်၍ မေတ္တာမြို့ တိုက်နယ်ဆေးရုံတွင် ယမန်နေ့ နံနက်၇နာရီခွဲက စတင်ကာ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြာင်းသိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာ၌ မေတ္တာမြို့၊ ပရဟိတအဖွဲ့ကဆေးရုံဝင်းအတွင်း ခြင်များ ခိုအောင်းနိုင်သော မြက်ပင်ခြုံနွယ်များရှင်းလင်းခြင်း ၊မြက်သတ်ဆေးများဖျန်းခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်