ကျောက်ပန်းတောင်း ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပျားနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များနှင့် ၎င်းတို့မိသားစုဝင်များသည် လက်ပံပျားကျေးရွာ၊ မနောမယဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုတွင် လက်ပံပျားနယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲအုပ် အောင်အောင်ဦး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် ရဲမိသားစု များက မနောမယဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း/အပြင် မြက်ပေါက်ခြင်း၊ ပေါင်းရှင်းခြင်း၊ ပလပ်စတစ်နှင့်အခြားအမှိုက်များ သိမ်းဆည်းခြင်းလုပ်ငန်းများကို စုပေါင်း၍ လုပ်အားဒါနပြု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)