ကံမ ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ မှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ယမန်နေ့ညနေ ၄ နာရီက မြို့ပေါ်ရပ်ကွက်များရှိ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လက်သန့်ဆေးနှင့် လက်ဆေးဘေစင်များထားရှိခြင်း၊ ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်းများ၊ ဆိုင်ထိုင် စားပွဲများ၌ လူတစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးထားရှိမှုများ၊ သန့်ရှင်းရေး ဆောင်ရွက်မှု၊ မျက်နှာအကာအရံ (Face Shield)နှင့် နှာခေါင်းစည်း(Mask)များတပ်ဆင်၍ရောင်းချခြင်းများ ရှိ/မရှိကို စစ်ဆေးခဲ့ကြပြီး အဆိုပါစည်းကမ်းချက်များအား ဆိုင်ပိုင်ရှင်များ လိုက်နာမှု မရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)