သတင်းများ

​ကျောက်တံတားမြို့နယ်၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 31,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ​ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် ကျန်းမာ​ရေးဌာနနှင့် အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက် ၉ နာရီမှ စတင်ကာ (၃၇)လမ်း(​အောက်ဘ​လောက်)ရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်းသွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ကပ်ထားကြေညာ
Aug 31,2020
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၂)ဦး၏အမည်စာရင်း ကြေညာ ချက်ပုံစံ (၁၀)နှင့် မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ အမည် တင်သွင်းထားသည့် တိုင်းရင်းသား လူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း (၂၃)ဦးတို့၏ အမည်စာရင်းကြေညာချက်ပုံစံ (၁၀-က)အား ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယမန်နေ့က ကပ်ထားကြေညာထားကြောင်း သိရှိရသည်။
သာစည်မြို့နယ်တွင် ကိုဗစ် − ၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါး မျိုးသန့် မျိုးစေ့ထုတ် တောင်သူများအား ပထမအရစ်ထောက်ပံ့ကြေး ငွေပေးအပ်
Aug 31,2020
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ ကိုဗစ် − ၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးသန့်မျိုးစေ့ထုတ် တောင်သူများအား ပထမအရစ် ထောက်ပံ့ကြေးငွေပေးအပ်ပွဲကို ယနေ့ နံနက်၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
တာမွေမြို့နယ်တွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကပ်ထားကြေညာ
Aug 31,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က စိစစ်ရွေးချယ်ခဲ့ ပြီး ၂၀၂၀ ပြည့်နှစ် ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေ မြို့နယ်ရှိ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ မြို့နယ် အတွင်းရှိ ပြည်သူများ သိရှိလေ့လာနိုင်စေရန် ပုံစံ(၁၀)နှင့် ပုံစံ(၁၀-က)တို့ဖြင့် ကပ်ထားကြေညာပေးလျက်ရှိ ကြောင်း သိရသည်။
လှိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ကာလသတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိရေး ကြပ်မတ်စစ်ဆေး
Aug 31,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်လှိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့်လ္ဘက်ရည် ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား
လှိုင်မြို့နယ် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို စတင်ကြေညာပေးလျက်ရှိ
Aug 31,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လှိုင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို သြဂုတ်လ(၃၀)ရက်နေ့မှ စတင်ကာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာပေးလျက်ရှိကြောင်း သိရ သည်။ ထို့သို့ကြေညာရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လှိုင်မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ အမည်စာရင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းမဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒ နယ်(ကရင်တိုင်းရင်းသားလူမျိုး) လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည် စာရင်း၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ရခိုင်တိုင်းရင်းသားလူမျိုး) ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို အများ ပြည်သူသိရှိစေရန် ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရှိရသည်။
ရန်ကင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆန်၊ ဆီနှင့် နှာခေါင်းစည်းများလှူဒါန်း
Aug 31,2020
ကိုဗစ်-၁၉ ကာလအတွင်း ရန်ကင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ ဆွမ်းကွမ်း အဆင်ပြေစေရန် ဆန်၊ ဆီနှင့် ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများကို ယနေ့ နံနက်ပိုင်းအချိန်က ပေးအပ်လှူဒါန်းခဲ့ကြသည်။