တောင်ကြီး ဩဂုတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ၊ကမ္ဘောဇဘဏ် မှ ပံ့ပိုး မတည်ငွေ၊ အများပြည်သူလူထု လှူဒါန်းထည့်ဝင်ငွေများနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်း ထောက်ပံ့သော ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း အခြေခံ လူတန်းစားများအား စားနပ် ရိက္ခာပစ္စည်းများ ဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ အချိုရည်၊ လက်အိတ်၊ နှာခေါင်းစည်း (Mask)များကို တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တောင်လေးလုံးဂိတ်တို့ကို ယနေ့ နံနက် ၉ နာရီ အချိန်တွင် တောင်ကြီးမြို့နယ် ကိုဗစ် ၁၉ ရောဂါကာကွယ်တားဆီးရေး တောင်လေးလုံး စစ်ဆေးရေးဂိတ်တွင် တာဝန်ယူဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး မှ တာဝန်ရှိသူများအား သွားရောက် ထောက်ပံ့ပေး ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီဝင်များ နှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက် ပူးပေါင်းအဖွဲ့တို့က တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ပေါ် ရှိ ယာယီ ဈေး ဖြစ်သော နောင်အင်ယာယီဈေး၊ ရွှေညောင်ယာယီဈေး၊ ရွှေညောင်ဘူတာယာယီဈေး တို့တွင် ဘယ်ကို သွားသွား နှာခေါင်းစည်း(Mask)တပ်သွား ၊ ဈေးဝယ်၊ ဈေးလာနှာခေါင်းစည်း(Mask)တပ်ပါ ၊ ဈေးရောင်း သူများ နှာခေါင်းစည်း (Mask)တပ်ထား ၊ Covid-19 ကင်းဝေးဖို့ နှာခေါင်းစည်း(Mask)တပ်ကြပါစို့ အသိပညာ ပေးဆောင်ပုဒ် ဖြင့် ပြုလုပ်ပေးခဲ့ပြီး နှာခေါင်းစည်း(Mask)၃၀၀၀ကျော် ကို အခမဲ့ဝေငှပေးခဲ့ပြီး၊ တောင်လေး လုံးစစ်ဆေးရေးဂိတ် တွင် တာဝန်ထမ်းဆောင်နေသည့် စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ မြို့နယ်အထေွထွေ အုပ်ချုပ် ရေးမှူးရုံးမှ တာဝန်ရှိသူများ စုစုပေါင်း ၂၈ ဦးအတွက် ရိက္ခာထုပ် ၅ဝထုပ်ကို တောင်လေးလုံးစစ်ဆေးရေးဂိတ် အရောက်သွားထောက်ပံ့ပေးခဲ့ကြသည်။ စားနပ်ရိက္ခာ ထုပ်တွင် ဆန် သုံး ပြည့်၊ဆီ ၁၅ ကျပ်သား၊ကုလားပဲ ၅၀ ကျပ် သား၊ ဆား ၅၀ ကျပ်သား၊အချိုရည်ဗူး၊လက်အိတ် ၂ ဗူး၊ နှာခေါင်းစည်း ၁၀၀၀ ခုတို့ကို ရှမ်းပြည်နယ် ပြည်သူ လူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ၊ ရှမ်းတောင် ပရဟိတ ညီနောင်များကွန်ရက်တစ်ဦး ကပေးအပ်ရာတွင် တောင်လေးလုံးစစ်ဆေးရေးဂိတ် တာဝန်ရှိသူ တစ်ဦး က လက်ခံရယူခဲ့ကြောင်းသိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)