သတင်းများ

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္ဇမနေ့ ဆက်လက်ကျင်းပ
Aug 31,2020
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္ဇမနေ့ကို ဩဂုတ် ၃၁ ရက် နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး၊ လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် ၄၄ ဦး တို့ တက်ရောက်ကြသည်။
စဉ့်ကိုင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများသို့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများထုတ်ပေး
Aug 31,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နို၀င်ဘာ(၈) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲခွဲရုံးများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ကပ်ထားကြောညာ ထားရှိရန် ယနေ့ နံနက် (၁၀) နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး တွင် ရပ်ကွက်/ကျေးရွာ ကော်မရှင် အတွင်းရေးမှူးများအား ထုတ်ပေးခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် သမဝါယမဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော ဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
Aug 31,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် သမဝါယမဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် သမဝါယမအသင်း အမှုဆောင်များ၏ သား/သမီးများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့၌ သစ္စာစီမံချက်ဖြင့် ​ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ (၁၀၀၀)ကျော် ပေးအပ်
Aug 31,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ​ဒေသခံတိုင်းရင်းသား ပြည်သူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က နမ့်ခမ်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ထားဝယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေး
Aug 31,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် နှာခေါင်းစည်း(Mask)များကို ယနေ့နံနက် ၉ နာရီ က စည်ပင်သာယာရေးအဖွဲ့ရုံးအနီး ရေလမ်းတွင်သွားလာနေကြသည့် ခရီးသွားလာပြည်သူများအား အခမဲ့ဖြန့်ဝေပေးပြီး နှာခေါင်းစည်း(Mask) တပ်ဆင် သွားလာကြစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ငဖဲမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀ ဦး ဝင်ရောက်အရွေးခံမည်
Aug 31,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည် စာရင်းများကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှေ့၌ ကပ်ထား ကြေညာထားရှိရာ ငဖဲမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀ ဦးဝင်ရောက်အရွေးခံမည်ဖြစ် ကြောင်းသိရသည်။
လပွတ္တာ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်းများ ကြေညာ
Aug 31,2020
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ဝင်ယဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ပုံစံ(၁၀)၊ ပုံစံ(၁၀-က)တို့ဖြင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ၃၀.၈.၂၀၂၀ ရက်နေ့မှ စတင်၍ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။
မယ်စဲ့မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် အသိပညာပေးသင်တန်းပို့ချ
Aug 31,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ် ပြည့်ပြီးသော အမျိုးသားလူမှုရေးပင်စင် ရရှိရေးနှင့်ပတ်သက်၍ လူမှုရေးပင်စင် အသိပညာပေး သင်တန်းကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ကျင်းပသည်။