ဝက်လက်မြို့နယ်၌ Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်ပ

ဝက်လက် သြဂုတ်  ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေး ခန်းမတွင် ယနေ့ နံနက် (၁၀) နာရီ အချိန်က Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းနာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း က အဖွင့် အမှာစကား ပြောကြား ထို့နောက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလေးက Covid-19 ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ရေးနှင့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်ရေး ညှိနှိုင်း ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်သိန်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလေး နှင့် ဌာနဆိုင်ရာအကြီးကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ကြကြောင်း သိရှိရသည်။

စိုးစိုးလှိုင် (ဝက်လက်)