နွားထိုးကြီးမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကပ်ထားကြေညာ

နွားထိုးကြီး ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းက နွားထိုးကြီးမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်တွင် ပါတီစုစုပေါင်း (၅) ခုအနက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၄) ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၅) ဦး၊ မဲဆန္ဒနယ် (၂) ခုမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း (၈) ဦးနှင့် ရှမ်းတိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ် လောင်း (၅) ဦး စုစုပေါင်း (၂၂) ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)