ပင်းတယ ဩဂုတ် ၃၁
ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ အသွားအလာကန့် သတ်စောင့်ကြည့် ထားသည့် နေရပ်ပြန် ပြည်သူများအား ၎င်းတို့၏ သက်ဆိုင်ရာမြို့နယ်များသို့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီမှ တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းက ပြန်လည် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်ပြည်သူများမှာ ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ မြို့နယ်များမှ ဖြစ်ပြီး အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၃၀ ဦး စုစုပေါင်း ၇၄ ဦး တို့ထံမှ ဓါတ်ခွဲနမူနာများကို ယူ၍ ရည်ညွှန်းဓါတ်ခွဲခန်းသို့ ပို့ဆောင်၍ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ရောဂါပိုး မတွေ့ရှိ(မတွေ့ရှိ)သဖြင့် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်အောင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများတို့က ကျန်းမာရေးထောက်ခံချက်များနှင့်အတူ သက်ဆိုင်ရာ မြို့နယ်အသီးသီးသို့ ပြန်လည် ပို့ဆောင် ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)