ကလေးဝ ဩဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ၌ ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထား ကြေညာထားကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်၍ အရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တွင် ကပ်ထားကြေညာထားသည်။
ကလေးဝမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၃၉ အုပ်စု၊ ကျေးရွာပေါင်း ၁၂၅ ရွာ ရှိပြီး မဲရုံ ပေါင်း ၆၉ ရုံထားရှိကာ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား ၂၁၆၇၂ ဦး၊ မ ၂၂၄၄၃ ဦး စုစုပေါင်း ၄၄၁၁၅ ဦး ရှိကြောင်းသိရသည်။
သက်ဟန်(ကလေးဝ)