ကျောက်ဆည် ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ မုန်တိုင်ကျေးရွာတွင်(စတုတ္ထအကြိမ်) မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေများထုတ်ချေးပေးခြင်းကို အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ နံနက်(၁၀)နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၈၂)ဦးအတွက် ငွေကျပ်(၁၉၃)သိန်း၊ မွေးမြူရေးလုပ်ကိုင်သူ (၁၄၉) ဦးအတွက် ငွေကျပ်(၁၇၆) သိန်းနှင့် အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ (၆)ဦးအတွက် ငွေကျပ် (၁၁) သိန်းကျပ်၊ စုစုပေါင်း အိမ်ထောင်စု (၂၃၇)စုအတွက် ချေးငွေပေါင်း ငွေကျပ်(၃၈၀) သိန်းကို မြိုနယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးနှင့် ဝန်ထမ်းများ ပြည်သူ့ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရင်းမပျောက်မတည်ငွေ မြစိမ်းရောင် စီမံကိန်းလုပ်ငန်းများကို စီမံကိန်းဆောင်ရွက်သည့်ကျေးရွာများအား သတ်မှတ်ရက်များတွင် စီမံကိန်းပါစည်းကမ်းချက် များအတိုင်း ပြည်သူများ အဆင်ပြေစေရေး လက်ဝယ်အရောက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)