ချောင်းဆုံ ဩဂုတ် ၃၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် မဲဆန္ဒနယ်အလိုက် လွှတ်တော် ကိုယ်စားလှယ်လောင်း (၂၂)ဦး၏အမည်စာရင်း ကြေညာချက်ပုံစံ (၁၀)နှင့် မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ အမည် တင်သွင်းထားသည့် တိုင်းရင်းသား လူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း (၂၃)ဦးတို့၏ အမည်စာရင်းကြေညာချက်ပုံစံ (၁၀-က)အား ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယမန်နေ့က ကပ်ထားကြေညာထားကြောင်း သိရှိရသည်။
အဆိုပါ ကိုယ်စားလှယ်လောင်းအမည်စာရင်း ကြေညာချက်ကို မြို့နယ်အတွင်းရှိ ရပ်ကွက် /ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး (၄၆)အုပ်စု၌လည်း ဩဂုတ်(၃၁)ရက်နေ့တွင် ဆက်လက်ကပ်ထား ကြေညာထားကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)