လှိုင် သြဂုတ် ၃၁
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လှိုင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို သြဂုတ်လ(၃၀)ရက်နေ့မှ စတင်ကာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲ ရုံးများတွင် ကြေညာပေးလျက်ရှိကြောင်း သိရ သည်။ ထို့သို့ကြေညာရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လှိုင်မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ အမည်စာရင်း၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းမဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒ နယ်(ကရင်တိုင်းရင်းသားလူမျိုး) လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ရခိုင်တိုင်းရင်းသားလူမျိုး) ကိုယ်စားလှယ် လောင်းများ၏ အမည် စာရင်းများကို အများ ပြည်သူသိရှိစေရန် ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရှိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)