ရန်ကင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆန်၊ ဆီနှင့် နှာခေါင်းစည်းများလှူဒါန်း

ရန်ကုန် ဩဂုတ် ၃၁

ကိုဗစ်-၁၉ ကာလအတွင်း ရန်ကင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ ဆွမ်းကွမ်း အဆင်ပြေ စေရန် ဆန်၊ ဆီနှင့် ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများကို ယနေ့ နံနက်ပိုင်းအချိန်က ပေးအပ်လှူဒါန်းခဲ့ကြသည်။

ထိုသို့လှူဒါန်းရာတွင် ရန်ကင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၂၀)နှင့် သီလရှင်ကျောင်း (၁)ကျောင်းသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီသို့ အလှူရှင်များ လှူဒါန်းမှုဖြင့် ကျောင်း(၁)ကျောင်းလျှင် ဆန်(၈)ပြည်အိတ် (၁)အိတ်၊ ဆီ(၁)ပိဿာ(၁)ဘူးနှင့် နှာခေါင်းစည်း(၂)ဘူးတို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ပေးအပ် လှူဒါန်းခဲ့ကြသည်။

ထို့အပြင် ရပ်ကွက်များအတွင်း Mask Campaign ပြုလုပ်နိုင်ရန်အတွက် နှာခေါင်းစည်း အခု(၄၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လင်းလင်းထွန်း(ပြန်/ဆက်)