ကရင်ပြည်နယ်တွင် မြန်မာGAPအသိအမှတ်ပြုလက်မှတ်ရရှိသူ တောင်သူများအား ပေးအပ်
Aug 31,2020
ကရင်ပြည်နယ်အတွင်း တောင်သူများအနေဖြင့် စိုက်ပျိုးထုတ်လုပ်သီးနှံ့များ အရည်အသွေးကောင်းမွန်မှု၊ စိုက်ပျိုးထုတ်လုပ်သည့် အခါတွင် သဘာဝပတ်ဝန်းကျင် မပျက်ဆီးစေရေး၊ တောင်သူနှင့် စားသုံးသူများပါ ကျန်မာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လူမှုဘဝသာယာရေး စသည့်အချက်များနှင့် ပြည်စုံစိုက်ပျိုးနိုင်သည့် တောင်သူများအား မြန်မာGAP အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ယနေ့၊ နံနက် (၁၀)နာရီက ကရင်ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်သည်။