သတင်းများ

ပန်းတနော်မြို့၌ နွေရာသီအခြေခံအားကစားနည်းသင်တန်း အခမဲ့ဖွင့်လှစ်
Mar 12,2020
ပန်းတနော် မတ် ၁၂ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူး၍ နွေရာသီအခမဲ့ အခြေခံ အားကစားသင်တန်းကို အားကစားနည်း(၅)နည်းဖြင့် မတ်လ(၁၁) ရက်နေ့မှ မတ်လ(၂၅)ရက်နေ့အထိ မြို့နယ်အားကစားကွင်း၊ အားကစားခန်းမ၌ သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
ဆောမြို့၌ လူထုအခြေပြု တီဘီရောဂါကာကွယ်ရေးစီမံချက် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 12,2020
ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း (NTP) တို့ ပူးပေါင်း ဖွင့်လှစ်သော ၂၀၂၀ ပြည့်နှစ် လူထုအခြေပြု တီဘီရောဂါကာကွယ်ရေးစီမံချက် တီဘီရောဂါ တိုက်ဖျက်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဆောမြို့ ပြည်သူ့ဆေးရုံ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ကော့သောင်းမြို့မှ ပင်လယ်ငါးဖမ်းထွက်မည့် ရေလုပ်သားများအား အသိပညာပေးဟောပြော
Mar 12,2020
ကော့သောင်းမြို့မှ ပင်လယ်ငါးဖမ်းထွက်မည့် ရေလုပ်သားများအား ကော့သောင်းမြို့၊ ကမ်းနီးကုမ္ပဏီဇုံ စစ်ဆေးရေးစခန်းတွင် ယနေ့ နံနက်ပိုင်းက ငါးလုပ်ငန်းဦးစီးဌာန၊ ကော့သောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ ကော့သောင်း FOB စစ်ဆေးရေး အဖွဲ့တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် အေးချမ်းစွာ ဖြေဆို
Mar 12,2020
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တနိုင်းမြို့နယ်အတွင်း စာစစ်ဌာန (၂) ခုတွင် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့ နံနက် (၉) နာရီမှ စ၍ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား/သူများ အေးချမ်းတည်ငြိမ်စွာ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရ သည်။
ပြည်ထောင်စုနယ်မြေတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရိုးရာခြင်းလုံးပြိုင်ပွဲ၌ ဆုရရှိခဲ့သော နည်းပြများနှင့် ကစားသမားများအား ဂုဏ်ပြုပွဲကျင်းပ
Mar 12,2020
၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ရိုးရာခြင်းလုံးပြိုင်ပွဲတွင် ငွေတံဆိပ် ဆုရရှိခဲ့သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရိုးရာခြင်းလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့၊ နံနက် ၈ နာရီခွဲက ပျဉ်းမနားမြို့နယ် ပေါင်းလောင်း အားကစားခန်းမ၌ ကျင်းပသည်။
ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်
Mar 12,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို မတ်လ ဒုတိယပတ်မှစ၍ မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အုပ်စုစာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်လျက်ရှိကြောင်း သိရသည်။
မော်ချီးဒေသ သတ္တုလုပ်ငန်းရှင်များနှင့်ဒေသခံပြည်သူများတွေ့ဆုံပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည့် အခမ်းအနားကျင်းပ
Mar 12,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသ သတ္တုလုပ်ငန်းများဆောင်ရွက်သောလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ ပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီ အချိန်က မော်ချီးသတ္တုတွင်းစီမံကိန်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။