တာမွေမြို့နယ်တွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကပ်ထားကြေညာ

ရန်ကုန် ဩဂုတ် ၃၁

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့က စိစစ်ရွေးချယ်ခဲ့ ပြီး ၂၀၂၀ ပြည့်နှစ် ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ရန်ကုန်တိုင်း ဒေသ ကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေ မြို့နယ်ရှိ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ မြို့နယ်အတွင်းရှိ ပြည်သူများ သိရှိလေ့လာနိုင်စေရန် ပုံစံ(၁၀)နှင့် ပုံစံ(၁၀-က)တို့ဖြင့် ကပ်ထား ကြေညာ ပေးလျက်ရှိ ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် မဲရုံပေါင်း (၁၂၃)ရုံရှိပြီး  ပထမအကြိမ် မဲစာရင်း ကပ်ထား ကြေညာချိန်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၁၇၀၃၆)ဦးထိရှိရာ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် နေရာအတွက်(၇)ဦး၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ်(၅)နေရာအတွက် (၆)ဦး၊ တိုင်းဒေသ ကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) နေရာအတွက် (၇)ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)နေရာ အတွက် (၈)ဦး၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (ကရင်တိုင်းရင်းသားလူမျိုး) နေရာအတွက် (၇)ဦးနှင့် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (ရခိုင်တိုင်းရင်းသားလူမျိုး)နေရာအတွက် (၆)ဦး စုစုပေါင်း (၄၁)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြ မည် ဖြစ် ကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)