​ကျောက်တံတားမြို့နယ်၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

​ကျောက်တံတား သြဂုတ် ၃၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ​ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်ကျန်းမာ​ရေး ဌာနနှင့် အမှတ်(၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက် ၉ နာရီမှ စတင်ကာ (၃၇)လမ်း(​အောက်ဘ​လောက်)ရှိ  နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက် ၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ​လူ​နေအိမ်များ၊ ဆိုင်ခန်းများအတွင်းရှိ ပန်းအိုးများ၊ ရေကန်များ၊  ရေအိုးရေခွက် များနှင့် ရေဝပ်နိုင်သော ပစ္စည်းများအတွင်း ပိုးလောက်လမ်းများ မပေါက်ဖွားစေနိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပြုလုပ်ခြင်းနှင့် ရေတွင်း ရေကန်များ၊ ရေစည်များအတွင်း အဘိတ်ဆေးခတ်ခြင်း များ ဆောင်ရွက်ခဲ့ သည်။

ထို့ပြင် သွေးလွန်တုပ်ကွေး ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်​​​​​ဝေခြင်း၊ ပညာ​​ပေး ပိုစတာများကပ် ခြင်း၊ အသိပညာပေးခြင်း များကို ဆောင်ရွက်​ပေးခဲ့ကြောင်း သိရှိရသည်။ 

​ရွှေနန်း​မေ