သတင်းများ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြ-စကမြား (မြို့တွင်းပိုင်း) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား တက်ရောက်
Feb 08,2025
 ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့တွင် မြောင်းမြ-စကမြား (မြို့တွင်းပိုင်း) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉း၀၀) နာရီအချိန်က တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ
Feb 08,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ပန်းချီပြိုင်ပွဲနှင့်စာအုပ်ပြပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဓဒသကြီးဝန်ကြီးချုပ် မြောင်းမြမြို့ အခြေခံပညာအလယ်တန်းကျောင်း ဘုရားချောင်း (ရပ်) ဖွင့်ပွဲအခမ်းအနား တက်ရောက်
Feb 08,2025
 ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့၊ အခြေခံပညာအလယ်တန်းကျောင်း ဘုရားချောင်း (ရပ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၃၀) နာရီအချိန်က တက်ရောက်ခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စူဠဘွဲ့နှင်းသဘင်ကျင်းပနိုင်ရေး အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Feb 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ စူဠဘွဲ့နှင်းသဘင်ကျင်းပနိုင်ရေး အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ
Feb 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်  (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပပြီး စာအုပ်ပြပွဲ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ဟောပြောပွဲနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်း အခမ်းအနား ဆောင်ရွက်
Feb 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သိမ်ဖြူမီးရထား ရပ်ကွက်၊ မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာကြီး၊ ပါဆယ်ဌာန (၂) ၌ မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်း အခမ်းအနားအား ယမန်နေ့ နေ့လယ် (၂) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Feb 08,2025
(၇၈)နှစ်မြောက်လွပ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေဆောင်ရွက်ခဲ့သည့် အမှတ်(၂)ရပ်ကွက်၊ နတ်စင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် အသည်းရောင်အသားဝါ ရောဂါ (စီ) ပိုး စစ်ဆေး၊ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ အသိပေးဆွေးနွေးပွဲနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) များ ထိုးနှံပေးနေမှု အခမ်းအနား တက်ရောက်
Feb 08,2025
အသည်းရောင်အသားဝါရောဂါ(စီ)ပိုး စစ်ဆေး၊ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ အသိပေးဆွေးနွေးပွဲ အခမ်းအနားကို မော်လမြိုင်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမတွင်  ယမန်နေ့ နေ့လယ် ၁ နာရီအချိန်၌ ကျင်းပခဲ့ကြောင်း သိရသည်။