လှည်းကူးမြို့နယ်အတွင်း နွေစပါးစံပြစိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်
Feb 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊အုန်းနဲကုန်းကျေးရွာအတွင်းရှိ နွေစပါး ဧက(၁၀၀) စံပြစိုက်ခင်းများအား ခရိုင်လယ်ယာမြေစိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်လယ်ယာမြေစိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။