ဇီးကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

ဇီးကုန်း ဖေဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ပန်းချီပြိုင်ပွဲနှင့်စာအုပ်ပြပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံကိုပြောကြားခဲ့ပြီး၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ပန်းချီပြိုင်ပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် ဇီးကုန်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဝက်ကော်မှ ကျောင်းသား/ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)