ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြ-စကမြား (မြို့တွင်းပိုင်း) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မြောင်းမြ ဖေဖော်ဝါရီ ၈

 ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့တွင် မြောင်းမြ-စကမြား (မြို့တွင်းပိုင်း) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉း၀၀) နာရီအချိန်က တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

 အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဥိးစောလင်းခယ်နှင့် မြို့မိမြို့ဖ ဦးဇာနည်တင့်တို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းထံသို့ လမ်းဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်အား မြောင်းမြမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်တင်ထွန်းက ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 အဆိုပါ ကွန်ကရစ်လမ်း၏ အတိုင်းအတာမှာ အရှည် (၂၆၂၀) ပေ၊ အကျယ် (၁၄) ပေ၊ ထု (၈) လက်မဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းအသုံးစရစ်တ်ရန်ပုံငွေဖြင့် လုပ်ငန်းတင်ဒါအောင်မြင်သည့် Su Tint Htun ကုမ္ပဏီမှ တင်ဒါအောင်မြင်ငွ (၈၁၂ သိန်း ၅ သောင်း)၊ ပြည်သူမှထည့်ဝင်ငွေ (၈၁၂ သိန်း ၅သောင်း) တို့ဖြင့် ၂၀၂၄ ခုနစ်၊ သြဂုတ်လ (၂) ရက်နေ့တွင် လုပ်ငန်းစတင်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့တွင် လုပ်ငန်းအားလုံးဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)