သတင်းများ

တီကျစ် အ.ထ.က ကျောင်း၌ KG ကလေးငယ်များအား ကျောင်းတွင်းအာဟာရကျွေးမွေး
Feb 08,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ်ဖြင့် ယနေ့နံနက် ၁၁ နာရီတွင် တီကျစ်အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားနေသည့် KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရအစာကျွေးမွေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အန္တရာယ်ကင်း အသံမစဲမဟာ ပဋ္ဌာန်းပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနား တက်ရောက်
Feb 08,2025
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပ‌သော အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်း ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ကျိုက်သလ္လံစေတီတော်ရင်ပြင် ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဧည့်ပရိသတ်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ မူကြိုကလေးများအား ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကျင်းပ
Feb 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ မူကြိုကလေးများ ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၆) ရပ်ကွက်၊ ကေတုမတီလမ်းအမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သီရိမြန်မာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်း၊ ကဗျာနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများ ကျင်းပ
Feb 08,2025
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ့ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျပန်း၊ ကဗျာနှင့် ဉာဏ်စမ်းပဟေဠိ ‌ပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ ကွင်းဆင်းဆေးကုသမှုများ ပြုလုပ်
Feb 08,2025
ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပဲခူးမြို့ ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး/ အထူးကုဆရာဝန်များ ပါဝင်သော ကျန်းမာရေးဝန်ထမ်းများအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် ဝေါမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ ဝေါမြို့နယ်အတွင်းရှိ ရဟန်းရှင်လူ ပြည်သူများအား ဆေးကုသမှုများ ပြုလုပ်ပေးရာတွင် ပဲခူးမြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါ ကုသဆေးရုံကြီးမှ သမားတော်(အထွေထွေရောဂါ)၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ အရိုး၊ မျက်စိ၊ အရေပြားစသည့် ဘာသာရပ်(၇)ခုမှ အထူးကုဆရာဝန်ကြီးများနှင့် ဝေါမြို့နယ် ပြည်သူ့ဆေးရုံမှ သွားနှင့်ခံတွင်းဆေးကုသခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ကုသရေးဦးစီးဌာန၏ မူဝါဒများနှင့်အညီ ဆေးရုံအခြေပြုကုသရေးလုပ်ငန်းနှင့် ပြည်သူလူထု အတွင်း ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးကြကြောင်း သိရသည်။
အောင်လံမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြလို့မြို့ အုပ်ချုပ်ရေးမှူးရုံးဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 08,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြလို့မြို့ အုပ်ချုပ်ရေးမှူးရုံးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီကကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ မကွေးတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားတွင် ပါဝင်ကူညီခဲ့သည့် ဒိုးပတ်အဖွဲ့နှင့် တိုင်းရင်းသားအဖွဲ့တို့အားဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ မီးလောင်မှုဖြစ်ပွား
Feb 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရှမ်းတဲကြီး(တောင်ပိုင်း)ရပ်ကွက်၊ အမှတ်(၂)လမ်းရှိ (၂၅x ၄၀) ပေ၊ သွပ်မိုး၊ မြေစိုက်၊ ကွန်ကရစ်ခင်း၊ (၁)ထပ် ဂိုဒေါင်အဆောက်အဦ၌ ယမန်နေ့ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြ-စကမြား (မြို့တွင်းပိုင်း) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား တက်ရောက်
Feb 08,2025
 ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့တွင် မြောင်းမြ-စကမြား (မြို့တွင်းပိုင်း) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉း၀၀) နာရီအချိန်က တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။