Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပင်လုံမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Feb 07,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နေ့လယ်(၁)နာရီ မိနစ်(၃၀) နာရီအချိန်က အ.မ.က(၅၁၃)ကျောင်းသို့သွားရောက်ပြီး (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)နှင့် ပညာရေးဒီဂရီကောလိပ်(မော်လမြိုင်)တို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေး
Feb 07,2025
မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး အများပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေခဲ့မှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငပုဝောာမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဖြည့်ဆည်းဆောင်ရွက်
Feb 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ငပုတောမြို့နယ် အရိုးဒါး ကျေးရွာအုပ်စုအသင်းတော်ခန်းမတွင် အရိုးဒါး၊ ရွှေတောင်၊ ကျောက်တလုံးကျေးရွာအုပ်စုမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့ သံတော်ဦးကိုယ်ပိုင်အခြေခံပညာအထက်တန်းကျောင်းတွင် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပ
Feb 07,2025
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့ ရွှေသူဌေးရပ်ကွက်ရှိ သံတော်ဦး ကိုယ်ပိုင်အခြေခံပညာအထက်တန်းကျောင်းတွင် မြစ်သားမြို့ရဲတပ်ဖွဲ့မှဦးဆောင်၍ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီက အဆိုပါ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ
Feb 07,2025
ကျောင်းသား/ကျောင်းသူ၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ (၄၉) ကြိမ်မြောက် “ဝ”တိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ
Feb 07,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၄၉) ကြိမ်မြောက် “ဝ” တိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ယနေ့တွင် မိုင်းဇင်းကျေးရွာအုပ်စု၊ ပင်းဆိုင်း “ဝ” ရွာတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၆)ကျောင်းအား ရေသန့်တွင်း(စက်ရေတွင်း) တူးဖော်ခြင်းလုပ်ငန်းအတွက် အလှူငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Feb 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၆)ကျောင်းအတွက် ဒေါက်တာ သန်းမင်းထွဋ်(ပင်းတယမီးအိမ်ရှင်)၏ အလှူခံမှုအစီအစဥ်ဖြင့် ရေသန့်တွင်း (စက်ရေတွင်း) တူးဖော်ခြင်းလုပ်ငန်းအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီ ကပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းစံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မြို့ပေါ်ရပ်ကွက်များသို့ Mobile library စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Feb 07,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဒေသနေပြည်သူများနှင့် ဝန်ထမ်းများအား Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က အမှတ်(၃) ရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3030
Page
3031
Page
3032
Page
3033
Current page
3034
Page
3035
Page
3036
Page
3037
Page
3038
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department