မှော်ဘီမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

မှော်ဘီ ဖေဖော်ဝါရီ ၈

(၇၈)နှစ်မြောက်လွပ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေဆောင်ရွက်ခဲ့သည့် အမှတ်(၂)ရပ်ကွက်၊ နတ်စင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မှော်ဘီမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ဦးမှ ကွန်ကရစ်လမ်းအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသော်ဇင်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးဝင်းမင်း၊ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးခင်ဦးတို့မှ ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ်လမ်းအား ဖြတ်သန်း ကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါကွန်ကရိလမ်းသည် လမ်းအရှည်(၁၆၈၈)ပေ၊ အကျယ်(၁၈)ပေနှင့် (၉)လက်မထုရှိကာ (၂၀၂၄-၂၀၂၅)ခုနှစ်၊ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၂၀၀.၈၇၂) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး၊ ရပ်ကွက်နေ ပြည်သူများ သွားလာမှု မြန်ဆန်လွယ်ကူအကျိုးပြုနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ကွန်ကရစ်လမ်းဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်း၊ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးဝင်းမင်း၊ မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်နှင့်အဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရပ်ကွက်နေ ပြည်သူများ စုစုပေါင်း(၃၂၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းဇော်(မှော်ဘီ)