သတင်းများ

ဒလမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပ
Feb 09,2025
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာအုပ်စု၊ ဂွကျေးရွာတွင်  ကွန်ကရစ်လမ်းသစ်ဖွင့်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်၊၊
တွံတေးမြို့နယ် အ.မ.က(မူလွန်)ထော်သိုတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ထော်သိုကျေးရွာအုပ်စု၊ ထော်သိုကျေးရွာရှိ အ.မ.က(မူလွန်) ထော်သိုကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရင်းဆေးကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာ‌ပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် (၁၀)နာရီက ခရမ်းမြို့ အ.ထ.က(ကွမ်းမိုးဒိန်း) ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ကိုကိုးကျွန်းမြို့နယ်တွင် လူငယ်စကားဝိုင်း ကျင်းပ
Feb 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် (၉)နာရီအချိန်တွင် ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၆ ရက်နေ့က အင်္ဂလုံးကျေးရွာ ဂရန်တီကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ်အတွင်း ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေးဆောင်ရွက်
Feb 09,2025
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်း၏ကြီး ကြပ်မှုဖြင့်ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်း အမြင်မတင့်တယ်သော ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့နံနက်ပိုင်းက အရှိန် အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
ကော့မှူးတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုဟောပြောပွဲကျင်းပ
Feb 09,2025
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန် တိုင်းဒေသကြီး၊ တွံတေးခရိုင်ကော့မှူးမြို့နယ် မကျီးကန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲပိုင်းက (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြော‌ပွဲ နံရံကပ်စာစောင်ပြပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ် ကျွဲလူးအိုင်‌ကျေးရွာကုန်ထုတ် လမ်းသစ်ဖွင့်ပွဲကျင်းပ
Feb 09,2025
(၇၈)နှစ်မြောက် ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် ရန်ကုန်တိုင်း‌ဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ကျွဲလူးအိုင်ကျေးရွာ ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ လ ၆ ရက်နေ့နံနက်က အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။