ဧရာဝတီတိုင်းဓဒသကြီးဝန်ကြီးချုပ် မြောင်းမြမြို့ အခြေခံပညာအလယ်တန်းကျောင်း ဘုရားချောင်း (ရပ်) ဖွင့်ပွဲအခမ်းအနား တက်ရောက်

မြောင်းမြ ဖေဖော်ဝါရီ ၈

 ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့၊ အခြေခံပညာအလယ်တန်းကျောင်း ဘုရားချောင်း (ရပ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၃၀) နာရီအချိန်က တက်ရောက်ခဲ့ကြောင်း သိရသည်။

 အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူး ဆရာကြီးတို့က အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းထံသို့ အထိမ်းအမှတ်အလံအား ကျောင်းအုပ်ဆရာမကြီး ဒေါ်အုန်းကြိုင်က ပေးအပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းဝန်းအတွင်းနှင့် ကျောင်းဆောင်သစ်ဆောက်လုပ်မည့်နေရာသို့ လှည်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 အဆိုပါအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ မြောင်းမြခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)