သတင်းများ

ထန်းတပင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြုလုပ်သော အကျိုးတူ လယ်ယာလုပ်ငန်း သွင်းအားစုပေးအပ်ပွဲအခမ်းအနား ကျင်းပ
Feb 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကျိုးတူလယ်ယာစနစ် ဆောင်ရွက်ကြသည့် တောင်သူများစာချုပ်ချုပ်ဆိုပွဲနှင့် တောင်သူများထံသို့ သွင်းအားစုပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၇)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ
Feb 09,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ  ၄ နာရီ အချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဓနုဖြူမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေစိုက်ပိုစတာ စိုက်ထူ
Feb 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၊ လွတ်လပ်ရေးပန်းခြံရှေ့နှင့် အမှတ်(၁၈)ရပ်ကွက်၊ မီးပွိုင့်လမ်းဆုံတို့တွင် စိုက်ထူခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်
Feb 09,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ(၇)ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊  အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး အမျိုးသမီးများနှင့် ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းမှ အလင်းစစ်ပညာဒါနလူငယ်ဖွံ့ဖြိုးရေးကျောင်းသို့ သင်ထောက်ကူပစ္စည်းများ လှူဒါန်း
Feb 09,2025
ပဲခူးတိုင်းဒေသကြီး အမျိုးသမီးများနှင့် ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည်နှင့်အဖွဲ့သည် ယမန်နေ့က ပဲခူးမြို့၊ အလင်းစစ်ပညာဒါနလူငယ်ဖွံ့ဖြိုးရေးကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးသင်ထောက်ကူပစ္စည်းများ လှူဒါန်းပေးခဲ့ကြသည်။
ဒဂုံတက္ကသိုလ်တွင် (၁၇) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ
Feb 09,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဒဂုံတက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်ကျင်းပသည့် (၁၇)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်(ဥပဒေပညာဌာန)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုသည့်အထိမ်းအမှတ်ဖြင့် မြန်မာနိုင်ငံတော်အလံများအား မြို့တွင်းလမ်းမများပေါ် လွှင့်ထူ
Feb 09,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသည့်အထိမ်းအမှတ်ဖြင့် မြန်မာနိုင်ငံတော်အလံများ မြို့လမ်းမများပေါ်တွင် ဖေဖော်ဝါရီလ (၇)ရက်နေ့မှစ၍ လွှင့်ထူထားကြောင်း သိရသည်။
ဒလမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပ
Feb 09,2025
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာအုပ်စု၊ ဂွကျေးရွာတွင်  ကွန်ကရစ်လမ်းသစ်ဖွင့်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်၊၊