ကျောက်တန်း စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်မှုကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးနှင့် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ နေအိမ် ပြင်ပသွားလာပါက Mask တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုများကို ယနေ့နံနက် ၈နာရီက စတင်ကာ လူစည်ကားရာ မြို့မဈေးအနီး၊ ကျောက်တံတား မော်တော်ဆိပ်နှင့် ယာယီပျံကျဈေးအနီး တို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုတွင် ဈေးဝယ်လာသူများ၊ ခရီးသွားပြည်သူများအား နေအိမ်ပြင်ပ ထွက်ခွါ ပါကMaskများ စနစ်တကျ တပ်ဆင်ရေး၊ လက်သန့်ဆေး(သို့မဟုတ်)ဆပ်ပြာဖြင့် လက်ကို စင်ကြယ်အောင် စနစ်တကျ ဆေးကြောကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှု ကော်မတီဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် NGOအဖွဲ့များက ဝိုင်းဝန်း ဆောင်ရွက်ခဲ့ပြီး နောက်ရက်များတွင်လည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ခင်ဆွေဝင်း(ကျောက်တန်း)