ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ လွှတ်တော်ကိုယ်စားလှယ် လောင်းများအမည်စာရင်း ထုတ်ပြန်ကြေညာ

ကျောက်မဲ    စက်တင်ဘာ   ၁ 

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၃၅ အရ စိစစ်လက်ခံ အတည်ပြုထားသော လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ယမန်နေ့ကစတင်၍  ကျောက်မဲမြို့နယ်၊ ကော်မရှင်အဖွဲ့ခွဲရုံး တွင် ကပ်ထားကြေညာထားကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်းတွင်  အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁)တွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စာလှယ် ၇ ဦး၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် လွှတ်တော်ကိုယ်စားလှယ် ၇ ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၁တွင် လွှတ်တော်ကိုယ်စားလှယ် ၆ ဦး၊  ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂  တွင်  လွှတ်တော်ကိုယ်စားလှယ် ၆ ဦး၊  ရှမ်းပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (ဗမာတိုင်းရင်းသားလူမျိုး) တွင်  ၈ ဦး၊   ရှမ်းပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (ကချင်တိုင်းရင်းသားလူမျိုး) တွင်  ၅ ဦး၊   ရှမ်းပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (လီဆူ တိုင်းရင်းသားလူမျိုး) တွင်  ၇  ဦး   ပါဝင်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်မှူး ရုံးများတွင် လည်း ကပ်ထားကြေညာထားမည်ဖြစ်ကြောင်း သိရပြီး ကျောက်မဲမြို့နယ်အတွင်း ရပ်ကွက် ၂၀၊ ကျေးရွာအုပ်စု ၇၀ အုပ်စုရှိပြီး မဲဆန္ဒပေးပိုင်ခွင့်ရှိသူပေါင်း တစ်သိန်းသုံးသောင်းခန့် ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)