လေးမျက်နှာ စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက် (၁၀:၀၀)နာရီတွင် စာရေးဆရာဖေမြင့်၏ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
စာဖတ်ဝိုင်းတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝေဝေမြင့်က စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများ၊ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ဆရာလှိုင်အေး(လေးမျက်နှာ)၊ ဆရာရွှေကျွန်းမောင်(ခမောက်စု)၊ ဆရာမြင့်စိုး(နတလ)၊ ဦးအောင်ကိုတို့က စာရေးဆရာဖေမြင့်၏ “အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း” စာအုပ်ပါ အကြောင်း အရာများအား ဦးဆောင် ဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် မြို့နယ်စာရေးဆရာ အသင်းမှ အဖွဲ့ဝင်များ၊ Book Club အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများနှင့် မိမိတို့၏ သဘောအမြင် များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ကျော်ဟိန်း(ပြန်/ဆက်)