ဖားဆောင်းမြို့၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချရေးကွင်းဆင်းစစ်ဆေး

ဖားဆောင်း စက်တင်ဘာ ၁

ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ဖွင့်လှစ် ရောင်းချနေသော စားသောက်ဆိုင်များ၊ လက်ဖက်ရည် ဆိုင်များအား သတ်မှတ် စည်းကမ်းချက် များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယမန်​နေ့ ည​နေပိုင်းက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရ သည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ(ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦး​​မောင်​မောင်ဝင်းနှင့် ဌာနဆိုင်ရာများမှ ကော်မတီဝင်များ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ အိဖြူသွယ်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်​အုပ်ချုပ်​ရေးမှူးများက ဖားဆောင်းမြို့နယ် မြို့ပေါ် ရပ်ကွက် အတွင်းရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင် များ၊ လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထား သော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိနိုင်ရေး၊ လက်​​ဆေး​ဘေစင်နှင့်​ ရေမလို လက်သန့်​ဆေး​ရေများ ဆောင်ရွက်ထားရှိရေး၊​ ရောင်းဝယ်ရာ၌လည်း​ငွေလက်ခံသူနှင့် အစားအ​သောက် ပြင်ဆင်​ပေးသူတစ်ဦးစီထားရှိ​ရေး၊ အစားအ​သောက်ကြော်ငြာကဒ် များ စားပွဲဝိုင်း တစ်ဝိုင်းလျှင် တစ်ခု စနစ်တကျ​ ဆောင်ရွက်ထားရှိ​ရေးတို့ကို စစ်​ဆေးခဲ့ကြပြီး ကိုဗစ်-၁၉ ​​ရောဂါ ကြိုတင်ကာကွယ်​ရေးအတွက် မိမိကစ၍ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာ​ဆောင်ရွက်​ရေး ​ဆွေး​နွေး​ပြောကြား အသိပညာ​ပေးခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)