ရန်ကုန် စက်တင်ဘာ ၁
ရန်ကုန်တောင်ပိုးခရိုင်၊ ခရမ်းမြို့နယ်အတွင်း စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များတွင် ဆိုင်ထိုင် စားသောက်ခွင့်အား ခွင့်ပြု ပေးနိုင်ရန်အတွက် မြို့နယ်များတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီများ အနေဖြင့် မိမိတို့ မြို့နယ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက် များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ဆိုင်ထိုင်ရောင်းချခွင့် တောင်းခံထားသော လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များအား ယနေ့ နံနက် ၈ နာရီက ခရမ်းမြို့နယ် ကိုဗစ်-၁၉ ကော်မတီမှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါ လုံးဝကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အဆိုပါ ဆိုင်များအနေဖြင့် မိမိတို့ဆိုင် သို့ လာရောက်စားသောက်မည့်သူများအား ကိုယ်အပူချိန် တိုင်းပေးခြင်း၊ လက်ဆေးဘေစင်၊ လက်သန့်ဆေးရည် ထားရှိပေးခြင်း၊ စားသောက်စားပွဲများ အား Physical distancing ခင်းကျင်းထားရှိခြင်း၊ စားပွဲများတွင်း Partition ကော်ကြည်ပြား၊ ပလပ်စတစ်များ ခွဲခြားထားရှိခြင်း၊ ဆိုင်အား လေဝင်လေထွက်ကောင်းမွန်စေရန် စီစဉ်ထားရှိ ခြင်း၊ အစားအသောက်ပြင်ဆင်ရာ အခန်းအား ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရန် ပြင်ဆင်ထား ခြင်း၊ ဆိုင်ဝန်ထမ်းများအား လိုအပ်သည့် ကာကွယ်ရေး အသုံးအဆောင် Mask၊ Face shield နှင့် လက်အိတ်များ ဝတ်ဆင်ထားခြင်း၊ ကိုဗစ်-၁၉ အသိပညာ ပေးပိုစတာများချိတ်ဆွဲ ထားခြင်း၊ ငွေရှင်းကောင်တာ အား ညွန်ကြားချက်များနှင့်အညီပြင်ဆင်ထားရှိခြင်း၊ လိုအပ်ပါက စားသုံးသူများအား Mask များ ရောင်းချပေးနိုင်ရန် စီစဉ်ထားခြင်း စသည့်ညွန်ကြားချက် များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားခြင်း ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာသို့ ခရမ်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဝင် များ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့မကျန်းမာ ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ ဦးစီး အရာရှိ ဦးမိုးကျော်နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီ မှကော်မတီဝင်များ ခရမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသက် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ညွန်ကြားချက်များနှင့်ညီ ညွတ်မှု ရှိသော ဆိုင်များအား ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ပြီး၊ လိုအပ်ချက်အချို့ ရှိနေသေးသော ဆိုင်များအား ညွှန်ကြားချက် များနှင့် ညီညွတ်မှု ရှိစေရေး ဆောင်ရွက်ပြီးသည့်အခါ ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမည်ဖြစ် ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)