သတင်းများ

ကျွန်းလှတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း (၆၅၀)ဆဋ္ဌမအကြိမ် ထုတ်‌ချေး
Mar 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သံဘို/ဆားကျင်းကျေးရွာတွင် ယမန်နေ့ နံနက်နက်(၁၀)နာရီက မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း(၆၅၀) ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မူဆယ်မြို့နယ်မှ မူဆယ်မြို့၊ စာစစ်ဌာနသို့ တက္ကသိုလ်ဝင်တန်းလာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့ကြေးပေးအပ်
Mar 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ မုံးကိုးမြို့၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မန့်ဟီးရိုးမြို့နှင့် မုံးပေါ်ဒေသတို့မှ မူဆယ်မြို့၊ စာစစ်ဌာနသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က သွားရောက် ထောက်ပံ့ပေးအပ်သည်။
ဆောမြို့နယ် လူထုဗဟိုပြုစီမံကိန်းကျေးရွာများသို့ ပြင်ပစာရင်းစစ်မှ ကွင်းဆင်းစစ်ဆေး
Mar 14,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အီတလီချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း၊ စတုတ္ထနှစ်စက်ဝန်း) ကျေးရွာများဖြစ်သော သီးကုန်းကျေးရွာနှင့် တောင်ဘို့ကြီးကျေးရွာသို့ ပြင်ပစာရင်းစစ် BOD Cambodia အဖွဲ့မှ Mr.Phan Darasy နှင့် ဒေါ်နန်းနှင်းသက်ထွေးတို့သည် ယမန်နေ့က ဝယ်ယူရေး၊ ဘဏ္ဍာရေးစီမံကိန်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် မှတ်တမ်းဖိုင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြသည်။
ကျွန်းလှတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း (၆၅၀)ဆဋ္ဌမအကြိမ် ထုတ်‌ချေး
Mar 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သံဘို/ဆားကျင်းကျေးရွာတွင် ယမန်နေ့ နံနက်နက်(၁၀)နာရီက မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း(၆၅၀) ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မတူပီမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁)သင်တန်းဆင်းပွဲကျင်းပ
Mar 14,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မတူပီမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁)သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်တွင် မတူပီမြို့၊ အိမ်တွင်းမှုသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဓနုဖြူမြို့၌ တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်မှု အသိပညာပေးဟောပြော
Mar 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်မှု အသိပညာပေး ဟောပြောပွဲကို ယမန်နေ့  နံနက် ၁၁ နာရီက ဓနုဖြူ မြို့မဈေးရုံးတွင် ပြုလုပ်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတွေ့ဆုံပွဲ ကျင်းပ
Mar 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူလူထု တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွင်းယားကြီးကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာ (၁၄)ရွာအား စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်
Mar 14,2020
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၁၄)ရွာအား ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀;၃၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။