မိုင်းကိုင်မြို့နယ်၊ ဟိုခဲ/ဟမ်းငိုင်းကျေးရွာအုပ်စု ဖွံ့ဖြိုးရေးအတွက် နော်ဝေးနိုင်ငံအခြေစိုက် ကူညီထောက်ပံ့ရေး အဖွဲ့ (NRC) နှင့်မြို့နယ်စီမံခန့်ခွဲရေးကော်မတီ တွေ့ဆုံ

မိုင်းကိုင်      စက်တင်ဘာ       ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဟိုခဲကျေးရွာအုပ်စုနှင့် ဟမ်းငိုင်းကျေးရွာအုပ်စု အတွင်း နေရပ်မှ အခြားနေရာဒေသသို့ ယာယီပြောင်းရွေ့ခဲ့ဖူးသည့်  ကျေးရွာများအား  အသိပညာ ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးခြင်းနှင့် ထောက်ပံ့ပေးခြင်း  လုပ်ငန်းများ  ဆောင်ရွက်နိုင်ရန် အတွက် နော်ဝေး နိုင်ငံအခြေစိုက် ကူညီထောက်ပံ့ရေးအဖွဲ့ (Norwegian Refugee Council)နှင့်  မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ၊ ဟမ်းငိုင်းကျေးရွာအုပ်စု၊ ဟိုခဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ  တွေ့ဆုံအစည်းအဝေးကို  ယမန် နေ့က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါတွေဆုံအစည်းအဝေးတွင်  ယခင်ထိတွေ့မှုဖြစ်ပွား၍  ယာယီပြောင်းရွေ့ခဲ့ဖူးသော ဟိုခဲကျေးရွာ အုပ်စုမှ  ဟိုခဲ၊ ဝမ်ကောင်း၊ ပင်ဝင့် စသည့်ကျေးရွာများ  နှင့်  ဟမ်းငိုင်းကျေးရွာအုပ်စုအတွင်းရှိ ကုန်းညောင် ဖာ ဆား၊ နောင်တောင်း၊ ဟိုဖိုင်၊ စံပေါင် စသည့်ကျေးရွာများအား  ကျောင်းပြင်ပ ပညာရေး  ဘဝအတွက်သာ ကျွမ်းကျင် စရာများ အသိပညာပေးဆွေးနွေးခြင်း၊ ၂၅ နှစ်အောက် လူငယ်လူရွယ်များအား အသက်မွေးဝမ်းကျောင်းပညာရပ် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် ထောက်ပံ့မှုများ ပေးအပ်ခြင်း များကို  ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်းတွင်  နော်ဝေးနိုင်ငံအခြေစိုက် ကူညီ ထောက်ပံ့ ရေး အဖွဲ့(NRC)မှ  ကျေးရွာများအရောက် ကွင်းဆင်း၍  ကျေးရွာကော်မတီများ၊ ကျေးရွာလူကြီးမိဘများ၊ လူငယ်လူရွယ်များနှင့် တွေ့ဆုံပြီး  ဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း  သိရှိရသည်။

မြို့နယ် (ပြန်ဆက်)