ဘုတ်ပြင်း စက်တင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ပြည်တွင်းအခွန်များဦးစီးဌာနမှဦးဆောင်၍ အခွန်ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲသို့ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ စာရေးဝန်ထမ်းများနှင့် အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးသန်းဌေးက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေလုပ်ထုံးလုပ်နည်းများ၊ သတင်းစာရင်းဆိုင်ရာကိစ္စရပ်များ၊ အခွန်းတိမ်းရှောင်မှုများနှင့် သက်ဆိုင်သည့် ပြစ်မှုများ၊ ပြစ်ဒဏ်များနှင့် ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများက အခွန်ကိစ္စအရပ်ရပ်များနှင့်စပ်လျဉ်း၍ သိလိုသည့်များ မေးမြန်းဆွေး နွေးကြရာ မြို့နယ်အခွန်းဦးစီးဌာနမှူး ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းဦး( ပြန်/ဆက်)